ခရစ်တော်/၏ စိတ်သဘောထား
2
သင်တို့/သည် ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်/သောကြောင့် စိတ်ခွန်အား/ရရှိကြ၏။ ချစ်ခြင်း/မေတ္တာတော်/ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်/နှင့် မိတ်သဟာယဖွဲ့ခွင့်/ရကြ၏။ ခရစ်တော်/၏ အကြင်နာ/နှင့် ကရုဏာတို့/ကို ခံစားကြရ၏။ သို့ဖြစ်၍ 2 သင်တို့/သည် တစ်စိတ်တစ်ဝမ်းတည်း/ရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထား/တူညီခြင်း၊ ရည်ရွယ်ချက်/တစ်ခုတည်း ရှိခြင်းတို့/ဖြင့် ကျွန်ုပ်/ကို အကြွင်းမဲ့/ဝမ်းမြောက်စေကြလော့။
3 တစ်ကိုယ်ကောင်းဆန်သော/စိတ်၊ ကိုယ့်ကိုယ်ကိုယ်/အထင်ကြီးသော/စိတ်/ဖြင့် မည်သည့်/အမှု/ကို/မျှ မပြုကြနှင့်။ တစ်ပါးသူတို့/သည် မိမိ/ထက် သာလွန်သည်/ဟု နှိမ့်ချသော/စိတ်/ဖြင့် မှတ်ယူကြလော့။ 4 ကိုယ်ကျိုး/ကို/သာ မရှာဘဲ တစ်ပါးသူ/၏ အကျိုး/ကို/လည်း ရှာကြလော့။
5 သင်တို့/၏ အချင်းချင်း/ဆက်ဆံရေး/တွင် ယေရှု/ခရစ်တော်/၌/ရှိ/သော ထို/စိတ်သဘောထား/ကို ရှိ/စေ/ကြ/လော့။
6 ယေရှု/ခရစ်တော်/သည် မိမိ/၌ ဘုရားသခင်/၏ အသွင်/သဏ္ဌာန်တော်/ရှိ/သော်လည်း
ထိုသို့/ဘုရားသခင်/နှင့် တန်းတူ/ဖြစ်ခြင်း/ကို
ကိုယ်ကျိုး/အတွက် အသုံးပြု/ရမည်/ဟု မှတ်ယူတော်မမူဘဲ
7 မိမိ/ဘုန်းအသရေ/ကို စွန့်တော်မူ/၍
အစေအပါး/၏ အသွင်/သဏ္ဌာန်/ကို ဆောင်/လျက်
လူသား/အဖြစ် မွေးဖွားလာတော်မူ၏။
8 လူသား/အဖြစ် ရှိနေချိန် မိမိ/ကိုယ်ကိုယ် နှိမ့်ချ/၍ လက်ဝါးကပ်တိုင်/ပေါ်တွင် အသေခံသည့်/တိုင်အောင် ဘုရားသခင်/ကို နာခံတော်မူ၏။
 
9 ထို့ကြောင့် ဘုရားသခင်/သည် ကိုယ်တော်/ကို အတိုင်းထက်/အလွန်/ချီးမြှောက်/လျက် ဘွဲ့နာမ/အားလုံး/ထက် ကြီးမြတ်သော ဘွဲ့နာမ/ကို ပေးတော်မူ၏။
10 ဤသို့/ပြုတော်မူခြင်း/မှာ ကောင်းကင်ဘုံ/၌/လည်းကောင်း၊
မြေကြီး/ပေါ်၌/လည်းကောင်း၊
မြေကြီးအောက်/၌/လည်းကောင်း ရှိကြသည့် သတ္တဝါ/အားလုံး/သည်
ယေရှု/ခရစ်တော်/ကို ရိုသေသော/အားဖြင့် ဒူးထောက်/၍
11 “ယေရှု/ခရစ်တော်/သည် သခင်/ဖြစ်တော်မူသည်” ဟု နှုတ်/ဖြင့် ဝန်ခံ/လျက်
ခမည်းတော်/ဘုရားသခင်/၏/ဘုန်းတော်/ကို ထင်ရှားကြ/စေရန် ဖြစ်၏။
ခရစ်တော်/အတွက် တောက်ပ/စွာ ထွန်းလင်းခြင်း
12 ထို့ကြောင့် ချစ်ရသော/သူတို့… သင်တို့/သည် ကျွန်ုပ်/သင်တို့/နှင့်အတူ ရှိသော/အချိန်/၌/သာမက အထူး/သဖြင့် ယခု/ကျွန်ုပ်/မရှိသော/အချိန်/၌လည်း ဘုရားသခင်/ကို အမြဲတစေ နာခံခဲ့ကြ၏။ ထို/နည်းတူ ကြောက်ရွံ့/ရိုသေသော/စိတ်/ဖြင့် မိမိတို့/သည် ကယ်တင်/ခံရပြီးသော/သူများ/ဖြစ်ကြောင်း ပေါ်လွင်/စေရန် ကြိုးစား/အားထုတ်ကြလော့။ 13 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/နှစ်သက်စေမည့်/အရာ/ကို ဆောင်ရွက်လိုသော/စိတ်ဆန္ဒ/ရှိရန်/နှင့် ဆောင်ရွက်နိုင်စွမ်း/ရှိရန် သင်တို့/အထဲ/၌ သက်ဝင်လှုပ်ရှားနေသော/အရှင်/သည် ဘုရားသခင်/ဖြစ်တော်မူ/သောကြောင့်/ဖြစ်၏။
14 ပြုလေ/သမျှ/တို့/တွင် မငြင်းခုံ၊ မညည်းညူဘဲ ပြုကြလော့။ 15 ထိုသို့/ပြု/လျှင် ဖောက်ပြန်/ကောက်ကျစ်သည့်/သူများ/၏ အလယ်/တွင် သင်တို့/သည် ဖြူစင်/ရိုးသား/ပြီး အပြစ်ဆိုဖွယ်/မရှိသောသူများ၊ အပြစ်အနာအဆာ/ကင်းသော ဘုရားသားသမီးများ ဖြစ်ကြ/လိမ့်မည်။ ဤ/လောက/၌ ထို/သူတို့/၏ အလယ်/တွင် ကြယ်များ/ကဲ့သို့ ထွန်းလင်း/တောက်ပကြ/လိမ့်မည်။ 16 ထာဝရ/အသက်/ကို ပေးသည့် နှုတ်ကပတ်/တရားတော်/ကို မြဲမြံ/စွာ စွဲကိုင်ကြလော့။ ထိုသို့ ပြု/လျှင် ကျွန်ုပ်/ကြိုးစားအားထုတ်/၍ လုပ်ဆောင်ခဲ့/သမျှ/သည် အချည်းနှီး/မဟုတ်/သောကြောင့် ခရစ်တော်/ပြန်ကြွလာသည့်/အချိန်/၌ ဂုဏ်ယူ/ဝင့်ကြွား/နိုင်/လိမ့်မည်။ 17 သင်တို့/၏ ယုံကြည်ခြင်း/ကြောင့် ကျွန်ုပ်/သည် မိမိ/ကိုယ်ကိုယ် ဘုရားသခင်/အား ပူဇော်ပြီး မိမိ/အသက်/ကို သွန်းလောင်းရာ/ပူဇော်စရာ/ကဲ့သို့ သွန်းလောင်းရမည်/ဆို/လျှင်ပင် ဝမ်းမြောက်၏။ သင်တို့/အားလုံး/နှင့်အတူ ကျွန်ုပ်/ဝမ်းမြောက်၏။ 18 ထို/နည်းတူ သင်တို့/သည်လည်း ကျွန်ုပ်/နှင့်အတူ ဝမ်းမြောက် ပျော်ရွှင်ကြလော့။
တိမောသေ/ကို ချီးကျူးခြင်း
19 သင်တို့/အကြောင်း/ကို ကျွန်ုပ်/ကြား/၍ အားတက်လာ/ရန် သခင်/ယေရှု အလိုတော်/ရှိ/လျှင် တိမောသေ/ကို သင်တို့/ထံသို့ မကြာမီ စေလွှတ်မည်/ဟု ကျွန်ုပ်/မျှော်လင့်ပါ၏။ 20 သင်တို့/အကျိုး/အတွက် အမှန်တကယ်/အလေးထားမည့် တိမောသေ/ကဲ့သို့သော/သူ အခြား/တစ်စုံတစ်ယောက်/မျှ ကျွန်ုပ်/၌ မရှိပါ။ 21 လူအပေါင်းတို့/သည် ယေရှု/ခရစ်တော်/၏ အကျိုး/ကို မရှာဘဲ ကိုယ်ကျိုး/ကိုသာ ရှာကြ၏။ 22 သို့သော် တိမောသေ/ကမူ သတင်းကောင်း/ကို ဟောပြောရာ/တွင် ကျွန်ုပ်/နှင့်အတူ သားအဖ/ကဲ့သို့ သစ္စာရှိ/စွာ အစေခံ/ပြီး ခရစ်တော်/၏ အကျိုး/ကိုသာ ရှာကြောင်း သက်သေ/ပြခဲ့သည်/ကို သင်တို့/သိကြ၏။ 23 သို့ဖြစ်၍ ကျွန်ုပ်/၏/အမှု မည်သို့/ဖြစ်မည်/ကို သိလျှင်/သိချင်း သူ့/ကို သင်တို့/ထံသို့ စေလွှတ်/ရန် ကျွန်ုပ်/မျှော်လင့်ပါ၏။ 24 ကျွန်ုပ်/ကိုယ်တိုင်/လည်း သင်တို့/ထံသို့ မကြာမီ/ရောက်လာမည်/ဟု သခင်ဘုရား/ကြောင့် ကျွန်ုပ် ယုံကြည်/စိတ်ချ၏။
ဧပဖြောဒိတ်/ကို ပြန်လည်/စေလွှတ်ခြင်း
25 သို့သော် ဤ/အတောအတွင်း ဧပဖြောဒိတ်/ကို သင်တို့/ထံသို့ ပြန်လည်/စေလွှတ်/သင့်သည်/ဟု ကျွန်ုပ်/ထင်မြင်ယူဆ၏။ သူ/သည် ကျွန်ုပ်/၏/လိုအပ်ချက်များ/ကို ကူညီ/ဖြည့်ဆည်း/ရန် သင်တို့/စေလွှတ်လိုက်သော သင်တို့/၏/တမန်၊ ကျွန်ုပ်/၏/ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်/ဖြစ်၏။ 26 သူ့/ကို ပြန်လည်/စေလွှတ်/သင့်သည့်/အကြောင်း/က သူ/နာမကျန်း/ဖြစ်သည်/ကို သင်တို့/ကြားသိကြောင်း သူ/သိ/သောအခါ စိတ်မကောင်း/ဖြစ်နေပြီး သူ/သည် သင်တို့/အားလုံး/ကို လွမ်းဆွတ်နေ/သောကြောင့် ဖြစ်၏ 27 သူ/သည် အမှန်တကယ် သေလုနီးပါး နာမကျန်း/ဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်/သည် သူ့/ကို သနားတော်မူ၏။ သူ့/ကို/သာ သနားတော်မူသည်/မဟုတ်ဘဲ ကျွန်ုပ်/၌ တစ်ပူပေါ်/နှစ်ပူဆင့် မဖြစ်ရ/လေအောင် ကျွန်ုပ်/ကို/လည်း သနားတော်မူ၏။
28 ထို့ကြောင့် သင်တို့/ထံသို့ သူ့/ကို/ပြန်လည်/စေလွှတ်/ရန် ကျွန်ုပ် ပို/၍ စိတ်အားထက်သန်၏။ ဤသည်/မှာ သင်တို့/သည် သူ့/ကို ပြန်လည်/တွေ့မြင်ရ/သောအခါ ဝမ်းမြောက်/ရန်/နှင့် ကျွန်ုပ်/သည်/လည်း စိတ်သက်သာရာ/ရ/ရန် ဖြစ်၏။ 29 သို့ဖြစ်၍ သခင်ဘုရား/၏/လူ ဖြစ်သည်/ကို ထောက်/လျက် သူ့/အား အလွန်/ဝမ်းမြောက်/စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သော/လူတို့/ကို ရိုသေကြလော့။ 30 အဘယ်ကြောင့်ဆိုသော် သူ/သည် ကျွန်ုပ်/အား သင်တို့/မပေးနိုင်သည့် အကူအညီ/ကို ပေး/ရန် မိမိ/အသက်/ကို စွန့်စား/ကာ ခရစ်တော်/၏ အမှုတော်/အတွက် သေလုနီးပါး/ဖြစ်ခဲ့/သောကြောင့် ဖြစ်၏။